တော်လွန်း လို့ ဆု ချတာနော် ကောင်လေး တပ်ထဲတွင်း အစည်းအဝေး စောပြီးလို့ အားနေတဲ့ တစ်ရက် ဗိုလ်ကြီး မျိုးစည်သူ ပျင်းလို့ ဖေ့ဘွတ် ဖွင့်ပြီး ဟိုပွတ် ဒီပွတ် လုပ်နေတယ်။ မျိုးစည်သူ က အရာရှိငယ် လူပျိုဆောင်မှာ နေတယ်။ အရာရှိဆိုတော့ သီးသန့် အခန်း ရတယ်လေ။ တပ်ရင်းမှူး နဲ့ အခြားအရာရှိတွေ တိုင်းမှူးလမ်းကြောင်း ပါသွားလို့ မျိုးစည်သူ သိပ်အလုပ်မရှိဘူး။ အရာရှိလူပျိုဆောင် ဟာ တိတ်ဆိတ်လို့။ နေ့ခင်းက စားဖိုမှူးလာပို့သွားတဲ့ ပဲဟင်းနဲ့ ငါးကြော်နှပ်ကိုတောင် ပျင်းလို့ မစားသေးဘူး။ ဗိုက်ကလည်း မဆာသေးဘူးကိုး။ ဘီယာသောက်ရအောင်လည်း နေ့ခင်းကြီးကို မျိုးစည်သူ မသောက်တတ်။ ပျင်းစရာကောင်းလှတဲ့ နေ့ခင်းပါလား။ ဖေ့ဘွတ် ပေါ်က မော်ဒယ်တွေကို လိုက်ပြီး ရွေးကြည့်နေလိုက်တယ်။ မော်ဒယ်တွေပုံကိုသာ ရှာရတာ နိုင်ငံရေး အကြောင်းတွေကို မနည်းရှောင်နေရတယ်။ မျိုးစည်သူ က တပ်မတော်သားပေမယ့် နိုင်ငံရေး အငြင်းအခုန်တွေကို ဝါသနာမပါ။ နိုင်ငံရေးဆိုတာ စစ်သားအလုပ်မဟုတ်ဘူးလို့ သူက ယူဆထားတယ်။ ဒါပေမဲ့ မိန်းမကိစ္စကြတော့ စစ်သားဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် အမျိုးသားအကျိုးစီးပွါးမို့လား။ မျိုးစည်သူမှာ အရင်က ရည်းစားရှိတယ်။ သိပ်ပြီးတော့ သူ့ကို တွယ်ကပ်ချုပ်ခြယ်လွန်းလို့ လမ...